International News

အမေရိကန်နိုင်ငံသည် ဟောင်ကောင်ထက် ပိုမိုဆုံးရှုံးနိုင်ကြောင်း ဘဏ္ဍာရေးအတွင်းဝန်က ပြောကြားခြင်း

Last Updated:

ဟောင်ကောင်ဒေသ၏ ကုန်သွယ်ရေးအထူးအခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းရန် အမေရိကန်၏ဆုံးဖြတ်ချက်မှာ ဟောင်ကောင်ဒေသအတွက် အနည်းငယ်သာ ထိခိုက်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံအတွက် ထိခိုက်မှုကြီးမားမည်ဖြစ်ကြောင်း၊ အစိုးရမှနိုင်ငံခြား ငွေလဲလှယ်မှုများအပေါ် ထိန်းချုပ်မည်ဆိုသော သတင်းများမှာလည်း ကောလဟာလသတင်းသာဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသမှ အမေရိကန်နိုင်ငံသို့ ကုန်ပစ္စည်းတိုက်ရိုက်တင်ပို့မှုမှာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ပို့ကုန် တင်ပို့မှုအားလုံး၏ (၀.၁) ရာခိုင်နှုန်းသာရှိကြောင်း၊ သို့သော်ဟောင်ကောင်ဒေသသည်အမေရိကန်နိုင်ငံ၏ ဝိုင်တင်ပို့မှုတွင် တတိယမြောက်အကြီးဆုံးဈေးကွက်ဖြစ်ပြီး၊ အမဲသားတင်ပို့မှုတွင် စတုတ္ထမြောက်အကြီးဆုံးဈေးကွက်ဖြစ်သောကြောင့် အမေရိကန်အပေါ် ပိုမိုထိခိုက်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်အစိုးရမှ နိုင်ငံခြားငွေလဲလှယ် မှုများအပေါ် ထိန်းချုပ်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း ဟောင်ကောင်ဒေါ်လာလဲလှယ်မှုများမှာ လွတ်လပ်စွာ ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး ဟောင်ကောင် ဒေါ်လာဝင်ထွက်စီးဆင်းမှုများအတွက် ကန့်သတ်ချက်များမရှိကြောင်း ဟောင်ကောင်ဘဏ္ဍာရေး အတွင်းဝန်(ဝန်ကြီး) Mr. Paul Chan ကပြောကြားခဲ့ကြောင်း၂၀၂၀ ပြည့်နှစ်၊ မေလ ၃၁ ရက်နေ့ ထုတ် Rthk News သတင်း၌ “US has more to lose than HK, Paul Chan warns” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

 

Category: International News